Thursday 5 January 2012

အားငယ်မွေ

အစကတော့
တလက်သော စောင်း
တခုသော စည်းနဲ့
တပုဒ်သော တေး ရယ်ပါ...။

နောင်ကျတော့
ယမကာရည်က တလုံး နှစ်လုံး
ကညာမေက တရုံးရုံး
သပြာငွေက ဝင်လေမဆုံး...။

ဟော... ကျော်ကြားမှုအလင်း
ညင်းညင်းသွေပျောက်
ဘဝလှေမှောက်တော့
ရှေ့ နောက် မြောက် တောင်
မျှော်ယောင်ခေါ်မိ
အပါးမှာလေ ဘယ်သူမှမရှိ...။

နောက်ဆုံးတော့လေ
အများဖယ်သွေ သွားပါစေ
အပါးမှာနေ အားငယ်မွေ
ကျန်ရစ်လေတာက

တလက်သော စောင်း
တခုသော စည်းနဲ့
တပုဒ်သော တေး ရယ်ပါ...။


မြင့်မိုရ်ဆွေ

2 comments:

  1. ကဗျာလာဖတ်သွားပါတယ်...း)

    ReplyDelete
  2. လာဖတ်လို့ ကျေးဇူးတင်ပါတယ်...း)

    ReplyDelete