Sunday, 13 November 2011

ဒုတိယမိခင်

လူမျိုးစုံ၊ ဘဝစုံ၊ ဒေသစုံနဲ့ စဉ်ကာပတ်ဝန်း တင့်ရွှန်းတဲ့ မိခင်
ရသပေါင်းစုံ၊လမ်းပေါင်းစုံနဲ့ တံတားတည်ခင်း ဖြတ်လျောက်စေရင်းနဲ့ ပင့်တွန်းတဲ့မိခင်
လူမျိုးစိမ်းကျက်၊ ဓနနည်းများ အမှုမထား ပညာရင်နို့သောက်စို့စေ၍ ဝံ့စွမ်းစေတဲ့မိခင်
သြော်... မိခင်ရေ... ခွဲရတော့မှာပါလား။

လောကသစ္စာ

ပျိုမြစ်နုသစ်နေပေမယ့်
ယိုယွင်းပျောက်ရှင်းသွားနိုင်တဲ့
သွင်ပြင်ကြန်အင် ရုပ်လက်သွင်ကို
ထုဆစ်ပုံသွင်း အခြေတည်စေရင်းနဲ့
သင်္ခါရကိုမေ့ခဲ့တယ်။     ။