Sunday 4 December 2011

ဆရာ နာတာရှည်

နာသုံးနာနှင့်
ဆရာဘဝရောက်ခဲ့တယ်။
အနာစုံလို့
ဆရာတဂုဏ်ရခဲ့တယ်။
အနာတက်လို့ 
ဆရာသက်ရင့်ခဲ့ပြီ။
 အနာကြီးလို့
ဆရာကြီးလည်းဖြစ်ခဲ့ပြီ။

ကျောင်းမှာဆရာ၊ အိမ်မှာဈေးရောင်း
ဆီးပေါင်းကွာစိ၊ ကြံမိကြံရာ
ကွမ်းဖိုးဖာဖာ၊ ဈေးဖိုးကာကာ
လကုန်ဖို့ရာ ကြာလိုက်တာ။

သေရွာပါအကြွေးတထုပ်နှင့်
စေတနာဆရာလေးကျွန်ုပ်
ဖြေစရာ ကဗျာတေးတပုဒ်ကတော့
နှုတ်တလှည့်
တုတ်တလှည့်
မှုတ်ခဲ့၊ မန်းခဲ့သမျှ
မနွမ်းမယ့်၊ လန်းခဲ့တဲ့
ဟုတ်ကဲ့...
ကျုပ်တပည့် ပန်းကလေးများ ။    ။



စလင်းခင်မောင်ရည်

No comments:

Post a Comment