Sunday 4 December 2011

ကျွန်းကလေး သင်

ရေပတ်လည်ဝန်း
ကုန်းမြေစွန်းကို
ကျွန်း ဟုခေါ်တွင်

မျက်စိတဆုံး ၊ မိုးကုပ်ခုံးတိုင်
ရေလုံးကျယ်ပြန့် ၊ ဗွေပင်လယ်တွင်
လေးနယ်ပတ်ဝိုင်း ၊ ဝိသမလှိုင်းတို့
လေးနယ်ပတ်ဝိုင်း ၊ ဆန္နလှိုင်းတို့
လေးနယ်ပတ်ဝိုင်း ၊ ပယောဂလှိုင်းတို့
မုန်တိုင်းလှုံ့နှိုး ၊ မိုးသို့ခုန်ပျံ
လုပ်ကြံတိုက်စား ၊ မရပ်နားလည်း
ခြားနားခိုင်ခံ့ ၊ အသင်ကြံ့ခဲ့
အံ့လောက်ပါ၏ ကျွန်းကလေး..... သင် ။     ။


ညွန့်ဝေ (ကသာ)
၁၇ ၁၀ ၀၁ 

၂၇. ၁၂. ၁၁   ကဗျာတွေကိုနှစ်သက်ရင်သာ ကူးထားမိပေမယ့် ရေးသူတွေကိုတော့ဘယ်တုန်းကမှ မှတ်မှတ်ရရ မရှိတတ်ခဲ့ဘူး။ ဒါပေမယ့် ညွန့်ဝေ (ကသာ) ဆိုတဲ့ နာမည်ကို ဒီနေ့တွေ့မိတော့ ဘယ်မှာမြင်ဖူးပါလိမ့်စဉ်းစားရင်းမှ ဒီကဗျာပိုင်ရှင်မှန်းသတိရလိုက်မိတယ်။ ဒီနှစ် ခရစ်စမတ်နေ့မှာ ဘဝကူးပြောင်းသွားတဲ့ဆရာ ကောင်းရာသုဂတိ လားပါစေ။ 

No comments:

Post a Comment