Sunday 4 December 2011

အလင်း ပန်းချီကား

အိမ်မြှောင်ဗိုက်ကား
ပိုးကောင်စား၍
ကားရားခြေလက်၊ တွားသွားလျက်။

မြွေတကောင်သည်
အိမ်မြှောင်ကိုဖမ်း၊ အမြီးယမ်းလျက်
အငမ်းမရ မျိုလေပြီ။

နိုင်ရာဖမ်းစား၊ ညပုံကားကို
ဖန်သားမီးလုံး၊ တစ်ညဆုံးထိ
နှလုံးမသာ ရှုကြည့်ရာမှ
နီလာမိုးသောက် 
အမှောင်ပျောက်ပြီ။


မိုးအောက်မြေသား
အလင်းကားလည်း
လှုပ်ရှားပေါ်လာ၊ ဆူညံစွာတည့်
နိုင်ရာစားကြလေဦးမည် ။     ။




ကြည်အောင်

2 comments:

  1. စာညွန်း၇ယ် ကွကိုေ၇းတာလေးလဲ ဖတ်ချင်ပါတယ်အေ

    <3

    ReplyDelete
  2. ညီမရေ ညီမထားခဲ့တဲ့ ကွန်မန့်မေးလ်ပါပဲတွေ့ပြီး ဘလောဂ့်မှာ မတွေ့လို့။
    ကျေးဇူးပါညီမ။ အစ်မလည်းခုရက်တွေမအားနေလို့ စားလည်းမရေးနိုင် ဘလောဂ့်လည်းမလည်နိုင်နဲ့ ကွန်မန့်တောင်ချက်ချင်းမပြန်နိုင်လိုက်တာ။
    အစ်မတို့တွေလည်း အကုန်လုံးဘယ်သိနိုင်မလဲနော် ကိုယ်ကျင်လည်ရာ ကိုယ်သိသလောက်ပေါ့။ မသိတာကို သိတဲ့လူက ပြောပြတဲ့အတွက် အစ်မတို့ကကျေးဇူးတင်ရမှာပေါ့။ ညီမပြောပြတာလည်းသေချာဖတ်ပါတယ်။ အစ်မရဲ့အစ်မက နှစ်ခြင်းခရစ်ယာန်၊ အနောနိမတ်စ်နဲ့ပြောလည်းရပါတယ်။ ညီမနာမည်နဲ့ပြောလည်းရတာပဲ။ ညီမဘလောာဂ့်လေးလည်း လင့်ထည့်ထားမယ်နော်။
    ကျေးဇူးညီမ၊ အလင်း ပန်းချီကားကဗျာလေးဖတ်သွားပြီ။ ညီမကဗျာ၊ စာတွေလည်းနောက်လာဖတ်ဦးမယ်။
    cbox မတွေ့လို့ ကဗျာပါဖတ်ပြီးမတ်စိချန်သွားတယ်နော်။
ွGod bless you sister!

    ReplyDelete