ကျောင်းပေါက်ဝကိုရောက်တော့ ကိုယ်တို့ စီးလာသည့်ကားကြီးက ကဆုန်ဆိုင်းလာရာမှ ရုတ်တရက် ရပ်တန့်ပေးသည်။ ကျောင်းသား နှစ်ယောက် ယောင်နနနှင့် ဆင်းလာကြသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းပေါ့။
အစိမ်းရောင်နောက်ခံမှာ အဖြူရောင်စာသားတွေနဲ့ရေးထားတဲ့ သစ်တောကျောင်းဆိုတာ ကိုယ်တို့တက်ရမယ့် ကွန်ပြူတာကောလိပ်တဲ့။
ကျောက်စရစ်ခင်းထားတဲ့ ဝင်ပေါက်ကိုကျော်လာတော့ မြေနီလမ်း မကျဉ်းမကျယ်လေးက တမျှော်တခေါ် ဆီးကြိုနေသည်။ ကျောင်းပထမနေ့ဆို၍ ဝတ်လာသည့်ထမီနှင့် ဒီလမ်းကိုလျောက်ဖို့ တော်တော်လေးတော့စိတ်ညစ်သွားမိသည်။ အမေ့ဘီဘဲလ်ထမီက ခြေထောက်အလွန်ရှသည်။ ဒါပေမယ့် လမ်းကလေးအင်မတန်သာယာတာကိုတော့ စိတ်ညစ်ညစ်နှင့်ပင် သတိထားလိုက်မိ၏။
တလမ်းလုံးမှာ ကိုယ်တို့နှစ်ယောက်နဲ့ သစ်ပင်တွေချည်းပဲရှိသည်။ တာရိုးဖို့ထားသလိုလမ်းမြင့်မြင့်လေးနှင့် ယူကလစ်ပင်ကြီးတွေ၊ ဘေးတဖက်တချက်မြေအနိမ့်မှာ သီဟိုပင်တွေမျက်စေ့တဆုံး...။ လမ်းဆုံးရွာတွေ့ထုံး နှလုံးမူရင်း ဆက်လျောက်လာကြရာ တော်တော်လေးလှမ်းတော့ လမ်းကလေးက ညာဖက်ကို လမ်းသွယ်လေးတခုအဖြစ်ချိုးသွားသည်။ လှမ်းကြည့်လိုက်တော့ တိုက်တန်းပုလေးတလုံး။ လူကတယောက်မှမရှိ။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ဆက်လျောက်ကြပြန်သည်။
ဒီတခါတော့ နောက်ထပ်လမ်းချိုးလေးတွေ့ဖို့အတွက် သိပ်မလျောက်ရတော့ပါ။ ဒီလမ်းလေးကတော့ နည်းနည်း ပိုရှည်သည်။
ကိုယ်တို့နှစ်ယောက်သား ရှေ့ဆက်လျောက်ရမလား ညာချိုးရမလား စဉ်းစားရင်း ညာဖက်ကိုကြည့်လိုက်မိတော့ အဆောက်အဉီလေးတွေ စီရရီ နှင့် လူငယ်တချို့ကို စတွေ့လိုက်ရ၏။ ဆက်လျောက်ဖို့အကြံကို စွန့်လွှတ်လိုက်ပြီး ညာဖက်ကိုပဲချိုးလိုက်ကြသည်။ ဒီလမ်းသည် ကိုယ့်ဘဝကို တဆစ်ချိုးပေးလိုက်တဲ့ ပထမဆုံး လမ်းချိုးလေးမှန်း နောက်များမှာတော့ သိလာရသည်။
ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။
ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။
*****
(ဆက်ရန်)
ဆက်ဖတ်ရန်... :P
ReplyDeleteညီမလေး ရေးဟန်လေးက ဆွဲဆောင်မှုရှိလိုက်တာ။ ဖတ်သူတွေကို ဆန့်တငန့်ငန့် ဖြစ်အောင် မလုပ်နဲ့လေကွယ်...း)
ReplyDeletesis,
ReplyDeleteသစ်တောကျောင်းဆိုတော့ တောင်ငူကွန်ပျူတာက ပဲလား...
ဘယ်သူလဲဟင်??? မမငြိမ်းတို့ ဘက်ခ်ျကလား... ဒါမှမဟုတ် တို့တွေ 2nd batch ကလား...???
တောင်ငူသစ်တောကျောင်း ကလေးကို တော့ သတိရနေတယ်... ဟိုးဘက်ကျောင်း အဝေးကို မပြောင်းခင် သစ်တောကျောင်းစိမ်းစိုစိုထဲမှာ အေးအေးချမ်းချမ်းလေး...
ငယ်ရေ...တို့လည်း စဉ်းစားနေတာ..1st batch ကတော့ မဖြစ်နိုင်ဘူးထင်တယ်...တို့တွေတုန်းက အဆောင်နေများတယ်..ဘာပဲဖြစ်ဖြစ် ဆက်ရန်ကို မျှော်နေပါသည်..
ReplyDeleteဟုတ်.. မမငြိမ်း...
ReplyDeleteငယ်တို့ 2nd batch က လည်း မဟုတ်လောက်ဘူး ထင်တာပဲ.. နစ်ခ်နိမ်းက ဒီနာမည်မျိုးနဲ့ဆိုတော့လေ..
3rd batch က များလား..
ဒါပေမယ့် 3rd batch က လည်း သိပ်မဖြစ်နိုင်လောက်ဘူးထင်တယ်... သူတို့တွေ (စည်သူထွန်းတို့ batch)က သစ်တောကျောင်းမှာ ခနကလေးပဲ မှီလိုက်တာ... သူတို့တွေရောက်ပြီးတော့ ဟိုဘက်ကျောင်းကို ပြောင်းရရောပဲ...
အခုဆို အဲ့ကျောင်းက ဂျီတီစီ ဖြစ်သွားပြန်ပီ...း(
တောင်ငူရောက်လို့ပြန်သွားလည်ချင်ရင်တောင် ဂျီတီစီကြီးအဖြစ်နဲ့တွေ့နေရမှာ...း(
သစ်တောကျောင်းကိုတော့ တော်တော်ကိုလွမ်းးးတယ်..မမငြိမ်းရာ...
မမငြိမ်းတို့တွေ ငယ်တို့ဘက်ခ်ျကို fresher welcome လုပ်ပေးတဲ့နေ့ကိုလည်း သတိရနေတယ်...
ဟီး.... သူများဘလော့ဂ်လာပြီး အလွမ်းသယ်နေတာ...
sis (purple-vine),
ReplyDeleteif you are from Taungngu GCC 1st/2nd/3rd batch,
kindly do let us know (me and ma ma nyein) at
ngenge.ucsy dot gmail dot com...
i will inform ma ma nyein too... :D
ညီမ လိပ်စာပြောင်းသွားပြီ အစ်မ။ လာလည်မယ်ဆို ရှာမတွေ့မှာစိုးလို့။ www.thanakharmay.com
ReplyDelete@Candy... ဆက်ဖတ်ရန်ဆိုပီး အားပေးမဲ့သူရှိပေမယ့် ဆက်မရေးနိုင်ဖြစ်နေတယ်ညီမရေ့။
ReplyDelete@ရွှေပြည်သူ... မမကချီးကျူးတာဆိုတော့ တော်တော်လေးကို မြောက်သွားတယ်။ ပြန်မကျရင် ဒုက္ခ။
@ငယ်ငယ်နှင့် မငြိမ်း... ကိုယ်က ဒီပလိုမာတန်းကပါ။ သစ်တောကျောင်းလေးကို သိတဲ့သူတွေနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ။
@မြတ်ကြည်... လင့်ချပေးခဲ့တဲ့အတွက် ကျေးဇူးစ်။
ummm.. diploma တန်းက ဆို ကြည်သာလားဟင်? kyi thar htet..?
ReplyDeleteor ကြည်သာတို့ ၊ နေကြည်တို့ ဘက်ခ်ျကလား...?
@ngenge... ကြည်သာတော့မဟုတ်ပါဘူးငယ်။ ကြည်သာနဲ့တော့ခင်ပါတယ်။ နေကြည်နဲ့လည်းခင်တယ်။ ဘက်ခ်ျလည်း တူတူပါပဲ။
ReplyDeleteဘီဘဲလ် ဆိုတဲ့ စကားလုံးလေးနဲ့ ဝေးနေခဲ့တာ ကြာခဲ့ပြီ......း))
ReplyDeleteဒီပိုစ်လေးက လွမ်းစရာကောင်းတယ်
ကျမလည်း အဲ့ဒီအချိန်တွေကို ပြန်လွမ်းလွန်းလို့ ဒီပိုစ့်လေး ရေးမိသွားတာ။ ဒါပေမယ့် ခုထိ ရှေ့မဆက်နိုင်ဘူးဖြစ်နေရတယ်။
ReplyDelete