Tuesday 9 August 2011

မမ မိုး အတွက်...

စာမရေးဖြစ်တာ တော်တော်ကြီးကို ကြာနေပါပြီ။ ဘလော့ လည်တာတွေလည်း ရပ်ထားတော့ ဒီရပ်ဝန်းလေးထဲမှာ ဘာတွေဖြစ်နေမှန်းကို အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ကိုယ့်စိတ်ကိုယ် နိုင်ပြီထင်လို့ ဘလော့ဂင်းပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာတင် အကြွေးတခုနဲ့ မကြွေးတကြွေးတခု တင်နေမှန်း သိလိုက်မိတယ်။

အကြွေးစစ်စစ်တခုက ညီမလေး Candy ရဲ့ တက်ဂ်ကြွေးပါ။ မကြွေးတကြွေးက မမ မိုးရဲ့ မတက်ဂ် တတက်ဂ် ကြွေးပါ။


ဘယ်ဟာကို အရင်ဆပ်ရင်ကောင်းမလဲစဉ်းစားတော့ မမ မိုးက July 12 ကတည်းကဆိုတော့ အရင်ဆပ်ရမှာပါ။ မဟုတ်ရင် အတိုးတက်လာမလားလို့။ ဒါပေမယ့်လည်း ပို့စ်အောက်ဆုံးမှာ တက်ဂ် ပြန်ဖြုတ်ကြောင်း ပါလာပါတယ်။ ပင်ပန်းမှာစိုးလို့ပါတဲ့။ အပင်ပန်းခံပလိုက်ပါ့မယ်။ 

ကိုယ့်ဆီမှာလည်း ရေးပေးပါ ဆိုတဲ့ စာအုပ်တအုပ်ရှိပါတယ်။ ရန်ကုန်အိမ်မှာကျန်ခဲ့ပါရောလား။ ကိုယ်လဲ အဲ့ဒါမျိုးလေးတွေကို အရမ်းဝါသနာပါ ပါတယ်။ သူငယ်ချင်းတွေရဲ့ လက်ရေးလေးလဲ အမှတ်တရ သိမ်းထားလို့ရတာပေါ့လေ။ ပေါက်ကရရေးထားတာတွေကျရင်လည်း ကောက်ရိုးမီးဒေါသထွက်ရတာပေါ့။


လာပါဘီ... မမ မိုးအတွက်




ကိုယ့်နာမည်
ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ်
းခြင်သေ့

ကိုယ့်ကိုကိုယ့်ဒီလိုခေါ်တယ်
း ဟေ့ရောင်

ကိုယ့်ကိုဒီနေ့မှာမွေးတယ်
းဗိုလ်ချုပ်ထက် ၃ရက်ကြီးတယ်

ကိုယ်ဒီမှာနေတယ်
း အိမ်ဖြူတော်

ကိုယ့်ဆီဖုန်းဆက်ချင်ရင်
း ဆက်ကရီထေရီ ကို အရင်ဆက်

ကိုယ့်အကြိုက်ဆုံးတွေက


အရောင်ဆိုရင်
း နုတောက်တောက်

အဝတ်အစားဆိုရင်
းအီဂျစ်မံမီဒီဇိုင်း

ဆံပင်ပုံစံ
း ကတုံးရှည်ရှည်

ဆံပင်အရောင်
း အနက်နုနု

စားစရာ
း မညှီရင်ပြီးရော

သောက်စရာ
း ပင်ကျရည်

ပစ္စည်း
း စာအုပ်

ပန်း
း ဘိန်းပန်း

လိုချင်တဲ့လက်ဆောင်
း မရှိ

အကြိုက်ဆုံးမင်းသား
း နတ်ရှင်နောင်

အကြိုက်ဆုံးမင်းသမီး
း ဆင်ဖြူမရှင်

ရုပ်ရှင်၊ဗီဒီယိုဇာတ်ကား
း ကိုယ့်ကား

တီဗွီအစီအစဉ်၊ဇာတ်လမ်းတွဲ
း မကြည့်

အဆိုတော်
းခြင်သေ့

သီချင်း
လူနားလည်အောင်ဆိုနေသရွေ့နားထောင်တယ်

ဝတ္ထု
စိတ်ခံစားမှုပေါ်မှာမူတည်တယ်

ဂျာနယ်၊ မဂ္ဂဇင်း
း ဘောလုံးနဲ့ ဆေးအကြောင်းကလွဲ အကုန်ဖတ်

အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်
ဘာဘီကလွဲရင်

အရုပ်
း ခွေးရုပ်

ဂိမ်းကစားနည်း
ထုပ်စည်းထိုး

အားကစား
မအားပါ

အကြိုက်ဆုံးစာရေးဆရာ
စိတ်ခံစားမှုပေါ်မှာမူတည်တယ်

အလေးစားဆုံးပုဂ္ဂိုလ်
း မာဿာမေရီ

ကိုယ်ကြိုက်တဲ့ဘဝပုံစံ
မှန်ထဲကပုံရိပ်ကို မရွံမရှာချစ်ချစ်ခင်ခင်ကြည့်နေနိုင်တဲ့ဘဝ

ကိုယ့်ရဲ့အချစ်ဆုံးသူ
မသိ

အမုန်းဆုံးသူ
မရှိ

အချစ်ဆုံးတိရစ္ဆာန်
း အောက်ကနှစ်ကောင်က လွဲ၍

အမုန်းဆုံးတိရစ္ဆာန်
ကြမ်းပိုး၊ ပိုးဟပ်

အပျော်ဆုံးနေ့
စိတ်ချမ်းသာတဲ့နေ့၊ နောင်တကင်းတဲ့နေ့

ဝမ်းအနည်းဆုံးနေ့
း အပေါ်ကနဲ့ပြောင်းပြန်

ရင်အခုန်ဆုံးအချိန်
မှန်းလို့မရတဲ့ အဖြေတွေ သိရမယ့်အချိန်များ

ကိုယ့်ရဲ့ဝါသနာ
နေရာအနှံ့လျောက်သွားချင်ခြင်း (မသွားဖြစ်)

ကိုယ်စုဆောင်းတဲ့ ပစ္စည်းတွေက
တိုလီမုတ်စ ဘာမှန်းမသိများ

ကိုယ်ကျွမ်းကျင်တဲ့အတတ်ပညာ
အားလုံးနီးပါဆိုတော့ တခုချင်းပြောဖို့ခက်တယ်ကွယ်

ကိုယ့်ရဲ့ ရည်မှန်းချက်
ကလေးလေးတွေ အေးချမ်းစေချင်တယ်

ကိုယ့်ရဲ့အိပ်မက်
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့နေ့ အမိမြန်မာနိုင်ငံရောက်ဖို့

အားလပ်ချိန်ကိုဒီလိုသုံးတယ်
အိပ်၊ စာဖတ်၊ စဉ်းစား

ကိုယ့်ကိုကိုယ်ဒီလိုမြင်တယ်

ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့မှန် ပြဒါးသုတ်လို့မပြီးသေးဘူး
စိတ်ညစ်ရင်လုပ်တတ်တဲ့အပြုအမူ
အိပ်

ပျော်ရင်လုပ်တတ်တဲ့အပြုအမူ
စကားပေါက်ကရ တောင်မရောက်၊ မြောက်မရောက်တွေ လျောက်ပြောတယ် (အရမ်းခင်တဲ့သူတွေကို)

၅ မိနစ်သာ အသက်ရှင်ရတော့မယ်ဆိုရင် လုပ်မယ့်အလုပ်

ရေချိုးပြီး (အလှပြင်၊ ရေမွှေးဆွတ်ကာ အဝတ်လှလှ၊ သစ်သစ်ဝတ်၍) ပက်လက်ကလေးလှဲအိပ်နေလိုက်တော့မယ်။ (နှစ်သက်လွန်း၍ ဖြည့်စွက်ကာရေးပါသည်။)

သိန်း ၁၀၀၀ ထီသာပေါက်ခဲ့ရင်
နည်းလိုက်တာ

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် တောင်းမယ့်ဆု

အသည်းကြီးကြီးရှိပါစေ။

ဘဝမှာ အရေးကြီးဆုံးက
စိတ်ထားတတ်ဖို့

သူငယ်ချင်းဆိုတာ
ကိုယ်ဘာကြောင့်ငိုတယ်၊ ဘာကြောင့်ရီတယ် အနီးစပ်ဆုံး ခန့်မှန်းတတ်တဲ့သူ

အချစ်ဆိုတာ
ရရစ်နဲ့ပဲကောင်းပါတယ်

အမုန်းဆိုတာ
ဇာတ်ရံ လူမုန်း ချစ်ဖို့ကောင်းတာတော့သိတယ်

ဘဝဆိုတာ
အစမသိခဲ့... အဆုံးမသိတော့

တယ်လီဖုန်းဆိုတာ
ပိတ်ထားဖို့

အင်တာနက်ဆိုတာ
ကူးစက်လွယ်ကုရခက်ရောဂါတမျိုး

ကွန်ပျူတာဆိုတာ
ဝယ်ရင်အရင်းကြီးသလောက် ရောင်းရင်ရှုံးတဲ့ ကုန်

မင်းအပေါ်ကိုယ့်ရဲ့အမြင်


မင်းရဲ့စတိုင်လ်
အင်းးးးးးးးးး ခက်သားလား အမရယ်

ဥာဏ်ပညာ
း အင်းးးးးးးးးး အီးကရူလား အိုင်ကရူလား ဘာမေးလဲ စဉ်းစားနေဆဲ

အကျင့်
စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။

စိတ်ဓာတ်
စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။

ခြုံပြောရရင်
မမ မိုးသည် စတိုင်ပျောက်၍ ဉာဏ်ရည်နှစ်မျိုးလုံး စဉ်းစားဆဲရှိကာ အကျင့်နှင့် စိတ်ဓါတ် မှာ ဖတ်မှတ်ရသမျှ ကောင်းမွန်ကြောင်းထောက်ခံပါသည်။

မင်းနဲ့ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ်
ကွန်မန့်လေး စတွေ့တဲ့နေ့

ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်
This, too, will pass.




မင်းအတွက်စကား
လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နေတာ သုံးခု အမြဲထပ်တူကျနိုင်ပါစေ။

ကိုယ်ရဲ့လက်မှတ်

PV
ဒီစာရေးတဲ့နေ့
စင်ကာပူ အမျိုးသားနေ့ (အမျိုးသမီးများမပါ)

မမ မိုးရေ...
ပျော်စရာလေးဖြစ်အောင်ရေးလိုက်ပါတယ်။ စိတ်ဆိုးစရာများ ပါသွားခဲ့ရင် မေးလ်ပို့လိုက်ပါနော်။

6 comments:

  1. ဟီးဟီး.. ဟာသပဲ.. ရီရတယ်.. အကြွေးစစ်စစ် တစ်ခုကျန်သေးတယ်နော်.. ဟဲဟဲ.. xD

    ReplyDelete
  2. ညီမလေး ခရမ်းနွယ်ရေ..

    တစ်ဝါးဝါး တစ်ဟားဟား ရယ်လိုက်ရတာ..ညလေးရေ..ပျောက်နေတာကြာလွန်းလို့ ကိုယ် တက်ဂ်လိုက်၊ ဖြုတ်လိုက် လုပ်ထားတာတောင် မသိဘူးမှတ်နေတာ..

    ကိုယ့်နာမည်ကို အကြိုက်ဆုံးပဲ ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း ရေ..းD တန်ဖိုးရှိတဲ့ မင်းအတွက်စကား အတွက်လည်း ကျေးဇူးတင်ပါတယ်း)ဆံပင်ပုံစံ ကတုံးရှည်ရှည် နဲ့ မြင်ကြည့်မိတယ်...ဘယ်လိုများနေမလဲနော်..း))

    ကိုယ့်အကြောင်း အကောင်းတွေရေးထားလို့ ရှက်များတောင်ရှက်ပါရဲ့..ဒါပေမယ့်လည်း ရှက်ပါဘူးကွယ်..း)))))

    နောက်ဆုံးပြောချင်တာကတော့ မတက်ဂ်တတက်ဂ် ကို တကယ့်စေတနာမှန်လေးနဲ့ ရေးခဲ့ပေးလို့ အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါရစေ ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း ရေ။

    ReplyDelete
  3. (((((ဟင်)))))စောစောကပဲ ကောမန့်အရှည်ကြီးရေးထားခဲ့တယ် ဘယ်ရောက်သွားတုန်းးး ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း ရေး(

    ReplyDelete
  4. ပေါတယ်နော်.. ဗြဲ..။ :D

    ReplyDelete
  5. ညီမလေးခရမ်းနွယ်ရေ..

    တဝါးဝါး တဟားဟား ရယ်လိုက်ရတာ..ရေးလည်းရေးတတ်ပါ့။ ကိုယ့်နာမည် ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း ကိုတော့ အသည်းစွဲကြိုက်သွားပြီ..း)

    ပျောက်နေတာကြာလွန်းလို့ ကိုယ်တက်ဂ်လိုက် ဖြုတ်လိုက်လုပ်ထားတာကို မသိဘူးထင်နေတာ..။

    ကိုယ့်အကြောင်းကောင်းတာတွေ ရေးထားလို့ ရှက်များတောင်ရှက်ပါရဲ့..ဒါပေမယ့် ရှက်ပါဘူးကွယ်...း))

    တန်ဖိုးရှိတဲ့ မင်းအတွက်စကား အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆံပင်ပုံစံ ကတုံးရှည်ရှည် နဲ့မြင်ယောင်ကြည့်မိတယ်..ဘယ်လိုများနေမလဲနော်းD

    မတက်ဂ်တတက်ဂ်ပို့စ်ကို တကယ့်စေတနာရင်းမှန်လေးနဲ့ ရေးထားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်..ညီမလေးရေ။

    ReplyDelete
  6. @Candy... အကြွေးဆပ်ပီးပါဘီကွယ်။

    @Snow... ပေါတယ်ဆိုတာ လွယ်မှတ်လို့။

    @ပန်းချီ... အမရဲ့ကွန်မန့်ကို မေးလ်မှာတော့တွေ့တယ်အမရဲ့။ ဒါမဲ့နှစ်ခုရလိုက်တာပေါ့။ ရီရတယ်ဆိုလို့ ကျေနပ်သွားပါတယ်။

    ReplyDelete