Tuesday 9 October 2012

ဂိုးဂွင့်ဂွက်ဂွေ

တရွေ့ရွေ့နဲ့ တွေ့လိမ့်နိုးနိုး
တိုးဝင်လာခဲ့မိတယ်…
လမ်းမသိတော့လည်း ဖြည်းဖြည်းလေးပဲပေါ့ကွယ်။

တမြေ့မြေ့နဲ့ မွေ့လိမ့်နိုးနိုး
တမ်းတနေခဲ့မိတယ်…
ကမ်းမရှိတော့လည်း ဝေး...ဝေး...သွားရင်းပေါ့ကွယ်။

တပွေ့ပွေ့နဲ့ ပြည့်လိမ့်နိုးနိုး
တိုင်တည်နေခဲ့မိတယ်
စန်းမရှိတော့လည်း ဆွေးဆွေးလေးပဲပေါ့ကွယ်။


တကယ်တော့ ဒီကဗျာက စပ်ရင်း စဉ်းစားရင်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားရရှာတာ။ မဖျက်ရက်တာနဲ့ပဲ တင်လိုက်တာ။ ရုပ်ဆိုးပေမယ့်လည်း ကိုယ့်သားသမီးတော့ ချစ်ကြတာချည်းဆိုတော့လည်းလေ...။

2 comments:

  1. ကဗျာလေးကို လာဖတ်သွားပါတယ်။

    အမည်မသိ

    ReplyDelete
    Replies
    1. လာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Delete