ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ဇွဲရှိလည်းဆိုတာ ဘလော့ရေးမှပဲ ပိုပို သိလာတော့တယ်။ အာရုံများလို့မရတဲ့ကိုယ်က ဘလော့ရေးဖို့ကို စမိလိုက်တာ ကျားမြီးဆွဲပြီးမှ လွှတ်မရတော့သလိုပါပဲ။ ဘလော့ပိတ်ဖို့ဆိုရင်လည်း ရေးသက်ဖြင့်ဘယ်လောက်မှမရှိဘဲနဲ့ ပိတ်ဖို့ကအရင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိမှာ၊ ဆက်ရေးဖို့ကျပြန်တော့လည်း မထွက်၊ ဒါနဲ့ပဲ အပြောင်းအလဲလေးဖြစ်အောင် ဘလော့လေးကို ကိုယ်လိုချင်တဲ့ ပုံလေးပြောင်းထားလိုက်တယ်။ ဒါတွေတောင် တနေ့ကမှ လျောက်ကြည့်ရင်းနဲ့တွေ့တာ။ ကိုယ်က မတတ်ဘဲလျောက်လုပ်လို့ ရေးထားသမျှ အကုန် ကုန်သွားမှာ၊ ဘလော့ပုံပျက်သွားမှာကလည်း ကြောက်သေးတာ။
ဟိုးတနေ့က ကွန်ပြူတာထဲက ဖိုင်လ်တွေရှင်းရင်း ဖိုင်လ်အဟောင်းတွေထဲက ထွက်လာတဲ့ ဒီဘလော့လေးမှာ မတင်ရသေးတဲ့ ပိုစ့်လေးတပုဒ်ကို ပြန်တွေ့တယ်။ တကယ်တော့ အဲ့ဒီပိုစ့်လေးက ပြိုင်ပွဲဝင်ထားတာ။ နှစ်နဲ့ချီပြီးတော့ တော့ ကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ပြန်ဖတ်တိုင်း ရီချင်မိတယ်။ ဘယ်လိုလုပ်များ ရေးမိပါလိမ့်ဆိုပြီးလည်း တွေးမိတယ်။ ပြိုင်ပွဲလေးက အကြွားပြိုင်ပွဲလေးပေါ့။ တကယ်ဖြစ်နိုင်တဲ့အကြောင်းအရာလဲဖြစ်ရမယ်၊ ကြွားနိုင်သလောက်လည်း ကြွားရမယ်ပေါ့။ အဲ့ဒါနဲ့ ဝင်ပြိုင်ကြည့်မိရင်း ဒီပိုစ့်လေး ရလာတာပါပဲ။ ပြန်ဖတ်ကြည့်မှ ၂၅ ၀၉ ၀၉ တုန်းက ရေးထားမိတာပဲ။
*****
25
09 09
အစကတော့
သူ့ကို အပျော်သဘောအနေနဲ့ပဲ သဘောထားခဲ့တာပါ။ သူ့ဘက်က အရမ်းကြီးလေးနက်လာပြီး ကိုယ်မှကိုယ်။
ကိုယ်သာလျှင်သူ့ဘဝရဲ့ အရှင်သခင်၊ သူ့အသည်းနှလုံးရဲ့ ဧကရီ ဘုရင်မ၊ သူ့ရဲ့ကိုးကွယ်ရာ
ဖြစ်လာရတော့ ကိုယ်ဘာတတ်နိုင်တော့မှာလဲကွယ်။ သူထားခဲ့သမျှ ရည်းစားတွေ၊ အပျော်တွဲခဲ့သမျှတွေကို
အကုန် အဆက်အသွယ်ဖြတ်လိုက်တာကလည်း အပြောမဟုတ်၊ လက်တွေ့ဆိုတော့၊ ကိုယ်ကလည်း နဂိုကမှ ရုပ်အဆင်းလှသလို
အသည်းဖြူအူစင်း၊ နှလုံးသားမာကျောတဲ့သူမဟုတ်လေတော့လည်း သနားမိတာတော့အမှန်ပါ။ ချစ်၊ မချစ်ကတော့
သေချာစဉ်းစားရအုန်းမယ်။ တဘဝလုံးအရေးမဟုတ်လား။ ဒယ်ဒီ၊ မာမီတို့ကတော့ သူ့ကို လုံးဝ အဖက်မလုပ်ဘူး။
သဘောလည်း လုံးဝ မတူဘူးလေ။ မတူလည်း မတူစရာကိုးလေ။ သူပေးတာတွေကို ကိုယ်လက်ခံနေတာ ကိုလည်းလုံးဝ
မကြိုက်ဘူး။ တကယ်တော့ ကိုယ်ကလည်း တသက်လုံးသူများတကာကို အနိုင်ကျင့်လာတဲ့ သူ့ ကို ဒုက္ခ
ပေးချင်လို့ပါ။
သွားစရာရှိရင်
လေကြောင်း၊ ရေကြောင်း၊ မြေကြောင်း အရာရာကို အကောင်းဆုံးနေရာကနေ အဆင်သင့်။ ကမ္ဘာတပတ်
ဘယ်နေရာသွားချင်တယ်ပဲပြောလိုက်။ သူတော့လိုက်လို့မရဘူးလေ။ ဆန်ရှင်ထိထားရှာသကိုး။ သနားစရာ။
စားစရာဆို
”မ”
ဂျပ်(စ်)နိမ်း(မ)မစ်(ထ) ဆိုပြီး ဘာမဆို၊ ဘယ်နေရာကမဆို သူကိုယ်တိုင်ရအောင်ယူပေး၊
ဝတ်ချင်တာမှန်သမျှ မရဘူးမရှိစေရ။ ဘာဘရန်း၊ ဘယ်ဒီဇိုင်နာ ပဲပြော။ နောက်နေ့အသင့်။ ဟိုတလောကတောင်
စုဖုရားလတ် ဝတ်ခဲ့တဲ့ အင်္ကျီဝတ်ချင်တယ်လို့နောက်မိတာ နောက်နေ့ရောက်လာရောလေ။ ဧည့်ခန်းထဲကသဉ္ဖာလီလည်း
ပြန်ထားလိုက်လို့ပြောရအုန်းမယ်။ မဟုတ်ရင် ကိုယ်ကစမ်းသပ်လိုက်၊ သူကယူလာပေးလိုက်နဲ့ အမျိုးသားပြတိုက်မှာ
ပြည်သူတွေကြည့်စရာ ဘာမှမကျန်ဘဲနေလိမ့်မယ်။
နေစရာအိမ်ဆိုလည်း
သာကေတက ကိုယ့်အိမ်ကို မနေနဲ့တော့ဆိုပြီး မြန်မာပြည်အရပ်ရပ်က ရှိ ရှိသမျှမြို့ရွာတွေက
ကောင်းပေ့ဆိုတဲ့နေရာတိုင်းမှာ အလှဆုံး၊ အဆန်းဆုံး၊ အခမ်းနားဆုံး အိမ်တွေကို အထိမ်းအမှတ်နေ့
ခေါင်းစဉ်တွေအမျိုးမျိုးတပ်ပြီး လက်ဆောင်ပေးရတာအမော။ ဒါပေမယ့် သိတယ်ဟုတ်၊ သူအလကားမတ်တင်းနဲ့
ရ ထားတဲ့ အဲဒါတွေ တခုမှကို မလိုချင်ဘူး၊ သူကိုယ်တိုင်ဆောက်ပေးတာပဲလိုချင်တယ်လို့ ပြောလိုက်တော့
ဖြစ်ရစေမယ်တဲ့လေ။
ပြီးတော့
နှစ် နှစ်လောက်ပျောက်သွားတယ်။
ကိုယ်လဲ
ပြောပြီး၊ ပြီးပြီးပျောက်ပျောက် နေလာလိုက်တာ သာကေတက ကိုယ်တို့အိမ်မှာ အိမ်သာအသစ်ပြင်ဆောက်ဖို့
ရာနေတုန်း သူရောက်လာတယ်။ သူပျောက်နေတဲ့ နှစ် နှစ်အတွင်း ကိုယ့်ကိုစိတ်မချလို့ ထား ထားတဲ့
သူ့ ဘက်(စ်)မန်းတွေက သတင်းပေးလိုက်လို့ ခရီးရောက်မဆိုင် နားတောင်မနားပဲ ကိုယ့်အိမ် တန်းလာတာတဲ့လေ။ ကိုယ်လဲ တော်တော်စိတ်ဆိုးသွားတယ်။ ဟုတ်တယ်လေ။
ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့။ စဉ်းစားကြည့်ကြပါအုန်း။ ဒါနဲ့ကိုယ်လဲ
သူ့ကို လုံးဝ ဂရုမစိုက်တော့ပဲ စာအုပ်ဖတ်နေလိုက်တယ်။ တော်တော်လေးကြာတော့ ခြံနောက်က တဒုန်းဒုန်း
တဒိုင်းဒိုင်း အသံတွေကြားတာနဲ့ ကိုယ်လည်း ထွက်ကြည့်ရော
လားးးးးးးးးးးး
လားးးးးးးးးးးးးး ကိုယ်တော်လေးရယ်လေ၊
ခေါ်ထားတဲ့ အလုပ်သမားတွေကိုမစောင့်ပဲ အိမ်သာကို သူကိုယ်တိုင်ဆောက်နေတာ တော်တော်တောင်ပြီးနေပါရောလား။
အမယ် ဒါတောင်လှမ်းပြောလိုက်သေးတယ်။ ကျွင်းတောင်တူးပြီးသားမိုလို့တဲ့။ ကိုယ်လည်း တော်တော်သနားသွားတယ်။
နေပူကြီးထဲမှာ ကိုယ်စိတ်ဆိုးသွားလို့ စိတ်ပြေပါစေတော့ဆိုပြီး လုပ်ပေးရှာတဲ့သူ့ကို ကိုယ်လေ
တော်တော်လေးတော့ သနားသွားတယ်။ အလုပ်ပြီးလို့ သူအိမ်ပေါ်ပြန်တက်လာတော့ ပြောရှာတယ်။ တကယ်တော့
သူက ကိုယ့်အတွက် အရမ်းကြီးကျယ် ခမ်းနား တဲ့ အဆောက်အအုံ မျိုးကို ကိုယ်တိုင်ကိုယ်ကျ
ဆောက်ပေးချင်လို့ ကမ္ဘာ့အကောင်းဆုံး ကျောင်းမှာ သွားတက်နေတာပါတဲ့။ ဘယ်ကျောင်းကို ပြောလဲတော့ ကိုယ်လဲမသိ။ အဲဒီတော့မှ
သူ့ဖိုးဖိုး ကိုယ်တိုင်အိမ်ကိုလာပြီး ပေးသွားတဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးတင်ကြောင်းသဝဏ်လွှာ
အကြောင်းကို သဘောပေါက်တော့တယ်။ ကိုယ့်ကြောင်၊့ ကိုယ်သူ့ကိုလူရာသွင်းပြီးဆက်ဆံတာကြောင့်
သူ့မြေး နဲနဲပါးပါး တော်လာလို့နေမှာပေါ့။ ကိုယ်နဲ့တောင်မတွေ့လိုက်ပါဘူး။ အိမ်ကကောင်မလေးကပဲ
အိမ်မှာဘယ်သူမှမရှိတာနဲ့ခြံဝထွက်ပြီး ယူထားလိုက်တယ်လေ။ ဒယ်ဒီ၊ မာမီ တို့နဲ့သာတွေ့ရင်
မောင်းထုတ်ခံရမှာ။
ကိုယ်လည်း
ကိုယ့်အပေါ်ထားတဲ့ သူ့သဘောထားအမှန်တွေကို သိလာပြီ၊ ၂၀၁၀ လည်းနီးလာပြီ ဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်း၊
သူ့ကို ကိုယ် လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ့်ကို အရမ်း ရူးသွပ် မြတ်နိုး
တန်ဖိုးထား လေးစား အလေးထားတဲ့သူဆိုတော့ သူရွေးကောက်ပွဲမဝင်ဖို့ ကို ကိုယ်တားနိုင်လောက်ပါရဲ့လေ။
အမိမြန်မာပြည်ကြီးကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ရသလောက်လေးကယ်တင်ကြည့်တာပါ။
*****
ဒါတောင် သိပ်မကြွားသလိုဖြစ်သွားလို့ ပြိုင်ပွဲမှာ ဆုမရလိုက်ဘူး။ ဒိုင်လူကြီးက သူ့ပိုစ့်သူ ဆုပြန်ပေးလိုက်တာလည်း ပါသပေါ့လေ။ (စပျစ်သီးချဉ်ပုံတော့ ပေါက်သွားသလိုပဲ။)
အခု အလုပ်တခု အောင်အောင်မြင်မြင်ပြီးသွားပြီဆိုတော့ စိတ်လည်းပေါ့ပါးသွားပြီပေါ့။ အချိန်ရရင် ဟိုတုန်းက အကြောင်းလေးတွေ ပြန်ရေးပါဦး။
ReplyDeleteအိမ် ရဲ့ ပြိုင်ပွဲ မဟုတ်လား။ ပြိုင်ပွဲက ကောင်းရဲ့နဲ့ အဖျားရှူးသွားလို့ :P
ReplyDeleteကြားဖြတ်ရွေးကောက်ပွဲအမှီလေး ထပ်တားပေးအုံးလေ :)
@Rita...အချိန်ရလာတော့ အင်တာနက်နဲ့ဝေးရာသွားရပြန်အုန်းတော့မယ် အမရယ်။ ပြန်တော့မယ်။ ဟိုတုန်းကအကြောင်းလေးတွေလဲ ရေးချင်ပါတယ်။ အခုဆို အဲ့ဒီနေရာကို ပြန်သွားရမှာဆိုတော့ အဟောင်းတွေ အသစ်ဖြစ်အုန်းတော့မှာပဲ။
ReplyDelete@မြစ်ကျိုးအင်း... ဟုတ်ပ..ဟုတ်ပ.. အကိုက မှတ်မိတယ်ပဲ။ ဒင်း အခုလောက်ဆို သူ့အဖိုးနဲ့ ကိုရီးယားဇာတ်လမ်းတွဲပဲထိုင်ကြည့်နေမလား၊ ဘောလုံးပွဲပဲလောင်းနေမလားပဲ။ ရွေးကောက်ပွဲနားတောင် ကပ်နိုင်မှာမဟုတ်တော့ဘူးထင်တယ်။ အတိတ်ကို အတိတ်မှာပဲထားလိုက်ပါပြီ :D
:D ရီရတယ်ဗျ.... လာလည်သွားတယ်နော် ခရမ်းရောင် မမ ရေ...ကျွန်တော်တို.တော့ Purple ချင်း တိုက်ဆိုင်နေပြီ....း)
ReplyDelete@TG... ရီရတယ်ဆိုလို့ ရီစရာရေးရကြိုးနပ်တာပေါ့။ ကိုယ်လဲ Purple ကြိုက်တယ်။ အရောင်ပြောပါတယ် :D
ReplyDelete:) ကျွန်တော်လဲ အခု purple ကြိုက်တတ်နေပြီ....
Deleteသိကြောင်းပါ..သိကြောင်းပါ ;D
Delete