Monday, 26 December 2011
Sunday, 25 December 2011
ဒီဇင်ဘာ ( သို့ ) DECEMBER !!!
ဒီက ယူပါတယ်။
ဒီက ယူပါတယ်။
နည်းနည်းကြီးလာတော့ ကယ်ရိုလ်ဆင်းဂင်း ဆိုချင်လို့ မြန်မြန်ရောက်ပါတော့ ဒီဇင်ဘာရယ်လို့ တ ရပြန်တယ်။ သီချင်းဆိုတဲ့အိမ်တိုင်းက ကျွေးတာစားနိုင်ဖို၊့ ဘိုက်ဆန့်အောင် လျော့စားရတာ ပညာပါမှန်း အဲ့တော့မှသိတယ်။ ပေါ့ပါးတဲ့ ဂစ်တာဟာ ညအချိန်အိုလာတာနဲ့အမျှ အလေးချိန်တော်တော်စီးပါလားလို့ သိလာခဲ့ပြန်တယ်။ သီချင်းသံဟာ လူ့စိတ်ကို နူးညံ့စေပေမယ့်၊ နူးညံ့မှုဟာ ငွေနဲ့ဝယ်လို့ရတယ်လို့ထင်နေတဲ့ သူတွေရဲ့ "ဟေ့... အဲ့ဒီအိမ်ပြီးရင် ဒီမှာ လာဆိုပေးစမ်းပါ၊ ဘယ်လောက်ပေးရမလဲ" ဆိုတဲ့မေးသံကို "ပိုက်ဆံပေးစရာမလိုပါဘူး။ ပေးကြတယ်ဆိုတာလည်း အလှူငွေပေးတာပါ" ဆိုပြီး ကောင်းကောင်းမွန်မွန်ပြန်ဖြေတတ်ဖို့ လိုကြောင်း သင်ခန်းစာလည်း ရခဲ့ပြန်တယ်။ မှန်ချိုရယ်၊ ဂျင်းပြုတ်ရည်ရယ် ဟာ လည်ချောင်းအတွက် ဆေးစွမ်းကောင်းတွေပဲ ဆိုလို့ သောက်ရပြန်တယ်။
အခုအချိန်မှာရော... ... ...
ဒီက ယူပါတယ်။
at Vatican Embassy, Bangkok.
at Vatican Embassy, Bangkok.
ဒီပုံထဲက အရုပ်လေးတွေ အကုန်လုံးက Hand Made တွေလို့ ပြောပါတယ်။
ဟိုးအရင်
ငယ်ငယ်တုန်းကတော့ ခရစ်စမတ်ကို လက်ဆောင်ရဖို့အတွက်ပဲ မြန်မြန်ရောက်ပါစေတော့
ဆိုပြီး မျှော်လင့်ခဲ့တယ်။ ခရစ်စမတ်မရောက်ခင် တပတ်အလိုဆို ဒယ်ဒီက
ဦးဆောင်ပြီး တအိမ်လုံး ဈေးဝယ်ထွက်ကြတယ်။ ဘုရားကျောင်းသွားရင်ဝတ်ဖို့ပေါ့။
မန်မီကတော့သုံးရက်လောက်အလိုဆို ၂၅ရက်နေ့မှာ ကျွေးမွေးဖို့ ဈေးသွားပြီ။
နည်းနည်းကြီးလာတော့ ကယ်ရိုလ်ဆင်းဂင်း ဆိုချင်လို့ မြန်မြန်ရောက်ပါတော့ ဒီဇင်ဘာရယ်လို့ တ ရပြန်တယ်။ သီချင်းဆိုတဲ့အိမ်တိုင်းက ကျွေးတာစားနိုင်ဖို၊့ ဘိုက်ဆန့်အောင် လျော့စားရတာ ပညာပါမှန်း အဲ့တော့မှသိတယ်။ ပေါ့ပါးတဲ့ ဂစ်တာဟာ ညအချိန်အိုလာတာနဲ့အမျှ အလေးချိန်တော်တော်စီးပါလားလို့ သိလာခဲ့ပြန်တယ်။ သီချင်းသံဟာ လူ့စိတ်ကို နူးညံ့စေပေမယ့်၊ နူးညံ့မှုဟာ ငွေနဲ့ဝယ်လို့ရတယ်လို့ထင်နေတဲ့ သူတွေရဲ့ "ဟေ့... အဲ့ဒီအိမ်ပြီးရင် ဒီမှာ လာဆိုပေးစမ်းပါ၊ ဘယ်လောက်ပေးရမလဲ" ဆိုတဲ့မေးသံကို "ပိုက်ဆံပေးစရာမလိုပါဘူး။ ပေးကြတယ်ဆိုတာလည်း အလှူငွေပေးတာပါ" ဆိုပြီး ကောင်းကောင်းမွန်မွန်ပြန်ဖြေတတ်ဖို့ လိုကြောင်း သင်ခန်းစာလည်း ရခဲ့ပြန်တယ်။ မှန်ချိုရယ်၊ ဂျင်းပြုတ်ရည်ရယ် ဟာ လည်ချောင်းအတွက် ဆေးစွမ်းကောင်းတွေပဲ ဆိုလို့ သောက်ရပြန်တယ်။
အခုအချိန်မှာရော... ... ...
ခရစ်စမတ်ဆိုတာ
Christ နဲ့ Mass ကို ပေါင်းစပ်စေတဲ့ အဖြစ်အပျက်ဆိုတာရယ်၊ အချစ်ငတ်တဲ့
ခရစ်စမတ်မဖြစ်ပါစေနဲ့ဆိုတဲ့ တခုသောခရစ်စမတ်မစ္ဆားတရားတော်မြတ်တခုမှာ
ဘုးန်တော်ကြီးတပါးရဲ့ တရားစကားနာပြီးတဲ့ အချိန်ကစလို့ အပျော်ဆိုတာထက်
စိတ်နှလုံးသားထဲမှာ တကယ်ကို Christ နဲ့ ကိုယ်နဲ့ပေါင်းစပ်နိုင်ပြီလား၊
ကိုယ်နဲ့အနီးစပ်ဆုံးသူကို ကိုယ်ကိုယ်တိုင်ကဲ့သို့ချစ်လော့ဆိုတဲ့
ပညတ်တော်ကို ဘယ်အတိုင်းအတာထိလိုက်နာနိုင်ပြီလဲ၊ ကိုယ်ဟာ အချစ်ငတ်နေတဲ့လူလား၊ အချစ်ငတ်စေတဲ့လူလား ဆိုတဲ့မေးခွန်းတွေကိုဖြေဖို့ပဲ စိတ်ထဲမှာ ရှိနေတော့တယ်။ ချစ်ခြင်းမေတ္တာဆိုတာ သာမန်အားဖြင့် ၁၅၀၀ နဲ့ ၅၂၈ ဆိုတဲ့ သတ်မှတ်ချက်နှစ်ခုနဲ့ပဲ ဆုံးဖြတ်ဖြစ်ကြတာများပါတယ်။ ခေါင်းရွက်သည်ဆီက ဈေးဝယ်ပြီးရင် ချထားတဲ့သူ့ဈေးဗန်းကို သူမနိုင်လောက်ဘူးထင်လို့ ကူမပေးလိုက်တဲ့အပြုအမူက ချစ်ခြင်းမေတ္တာရဲ့ အသေးဆုံး ပြယုဂ် တခုပါ။ ကြီးမားတဲ့ ဖြစ်ရပ်တွေဟာ မေ့လောက်မှတခါ ဖြစ်ပျက်တတ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ အသေးအဖွဲအရာလေးတွေဟာ အမြဲဖြစ်ပျက်နေတာပါ။ အဲ့ဒီအရာတွေကို ကိုယ်မျက်စိရှမ်းခဲ့တာ ဘယ်နှစ်ကြိမ်တောင်ရှိနေပါလိမ့်။ ချစ်ခြင်းမေတ္တာမပါတဲ့ မျက်စိနဲ့ ကိုယ်ဘယ်နှစ်ကြိမ်လောက် ကြည့်ခဲ့မိပါလိမ့်။
ဂွကျတဲ့ကိုယ်ဟာ တကယ့် ခရစ်တော်ဖွားမြင်ချိန်ဟာ ဆောင်းတွင်းမဟုတ်ဘူးဆိုတာ သိရတော့ ဒီဇင်ဘာ ၂၅ ကို စိတ်ထဲသိပ်မထားမိတော့ဘူး။ ဘယ်နေ့ဆိုတာလဲ တိတိကျကျမပြောနိုင်ကြဘူး။ အဲဒီတော့ မွေးနေ့ဟာ မွေးလို့သာဖြစ်လာရတာဆိုတဲ့အတွးနဲ့ပဲ ဒီဇင်ဘာ ၂၅ရက်နေ့တွေကို ဖြတ်ကျော်လာခဲ့တယ်။ ဒါပေမယ့် ခရစ်တော်မွေးနေ့မဟုတ်ဆိုတဲ့အသိကလွဲရင် ဒီဇင်ဘာရယ် နှင်းရယ် အလှဆင်ထားတဲ့ထင်းရှူးပင်ရယ် ဟာ တခုနဲ့ တခု လိုက်ဖက်ညီ လှတဲ့၊ တခုလျော့လို့မဖြစ်တဲ့ လှပပြည့်စုံပြီးသား ပန်းချီကားတချပ်ပါပဲ။

ဒီသီချင်းလေးက ခရစ်စမတ်သီချင်းတွေထဲမှာ ကိုယ်အကြိုက်ဆုံးပါပဲ။
နေ့ရက်တိုင်းဟာ ဒီဇင်ဘာ ၂၅ရက်နေ့ကဲ့သို့ဖြစ်ပါစေလို့ဆုတောင်းပါတယ်။
ကယ်ရိုဆင်းဂင်းဆိုရင်
နောက်ဆုံးအပိတ်သီချင်းက ကောင်းကြီးမင်္ဂလာဆုတောင်းသီချင်းပါ။
စာဖတ်သူများအားလုံးအပေါ် သီချင်းလေးထဲက အတိုင်း မင်္ဂလာများ ပြည့်စုံစွာ
သက်ရောက်ပါစေ။
သီချင်းနာမည်က ♫.♫ ကောင်းချီးမိုး♫.♫ တဲ့
၁.¯˜"*°•♥•°*"˜¯` ချစ်ဆွေတို့ရယ် နှုတ်ဆက်ခဲ့ပါတယ်။ ¯˜"*°•♥•°*"˜¯`သီချင်းသည် တို့တတွေ တောင်းဆုပြုပါတယ်။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်ရဲ့ကောင်းချီးမိုးတွေ၊ ကျန်းမာခြင်းဆုကျေးဇူးတွေ ¯˜"*°•♥•°*"˜¯`သင်တို့ပေါ်အမြဲသက်ရောက်ကြပါစေ။¯˜"*°•♥•°*"˜¯`
၂. ¯˜"*°•♥•°*"˜¯`ချစ်ဆွေတို့ရယ် နှုတ်ဆက်ခဲ့ပါတယ်။ ¯˜"*°•♥•°*"˜¯`သီချင်းသည် တို့တတွေ ကျေးဇူးလည်းတင်တယ်။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်ရဲ့ထွေးပိုက်မှုနဲ့၊ ခရစ်တော်ရဲ့ငြိမ်းချမ်းမှုတွေ သင်တို့ပေါ်အမြဲသက်ရောက်ကြပါစေ။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်အမြဲ ကောင်းချီးပေးပါစေ။¯˜"*°•♥•°*"˜¯`
_██_
(´• ̮•)
( . • . )
( ...'•'...)
¯˜"*°•♥•°*"˜¯`´¯˜"*°•♥•°*"˜¯`´¯˜"*°´¯˜"*°•♥•°*"
Sunday, 4 December 2011
အလင်း ပန်းချီကား
အိမ်မြှောင်ဗိုက်ကား
ပိုးကောင်စား၍
ကားရားခြေလက်၊ တွားသွားလျက်။
မြွေတကောင်သည်
အိမ်မြှောင်ကိုဖမ်း၊ အမြီးယမ်းလျက်
အငမ်းမရ မျိုလေပြီ။
နိုင်ရာဖမ်းစား၊ ညပုံကားကို
ဖန်သားမီးလုံး၊ တစ်ညဆုံးထိ
နှလုံးမသာ ရှုကြည့်ရာမှ
နီလာမိုးသောက်
အမှောင်ပျောက်ပြီ။
မိုးအောက်မြေသား
အလင်းကားလည်း
လှုပ်ရှားပေါ်လာ၊ ဆူညံစွာတည့်
နိုင်ရာစားကြလေဦးမည် ။ ။
ကြည်အောင်
ပိုးကောင်စား၍
ကားရားခြေလက်၊ တွားသွားလျက်။
မြွေတကောင်သည်
အိမ်မြှောင်ကိုဖမ်း၊ အမြီးယမ်းလျက်
အငမ်းမရ မျိုလေပြီ။
နိုင်ရာဖမ်းစား၊ ညပုံကားကို
ဖန်သားမီးလုံး၊ တစ်ညဆုံးထိ
နှလုံးမသာ ရှုကြည့်ရာမှ
နီလာမိုးသောက်
အမှောင်ပျောက်ပြီ။
မိုးအောက်မြေသား
အလင်းကားလည်း
လှုပ်ရှားပေါ်လာ၊ ဆူညံစွာတည့်
နိုင်ရာစားကြလေဦးမည် ။ ။
ကြည်အောင်
ဆရာ နာတာရှည်
နာသုံးနာနှင့်
ဆရာဘဝရောက်ခဲ့တယ်။
အနာစုံလို့
ဆရာတဂုဏ်ရခဲ့တယ်။
အနာတက်လို့
ဆရာသက်ရင့်ခဲ့ပြီ။
အနာကြီးလို့
ဆရာကြီးလည်းဖြစ်ခဲ့ပြီ။
ကျောင်းမှာဆရာ၊ အိမ်မှာဈေးရောင်း
ဆီးပေါင်းကွာစိ၊ ကြံမိကြံရာ
ကွမ်းဖိုးဖာဖာ၊ ဈေးဖိုးကာကာ
လကုန်ဖို့ရာ ကြာလိုက်တာ။
သေရွာပါအကြွေးတထုပ်နှင့်
စေတနာဆရာလေးကျွန်ုပ်
ဖြေစရာ ကဗျာတေးတပုဒ်ကတော့
နှုတ်တလှည့်
တုတ်တလှည့်
မှုတ်ခဲ့၊ မန်းခဲ့သမျှ
မနွမ်းမယ့်၊ လန်းခဲ့တဲ့
ဟုတ်ကဲ့...
ကျုပ်တပည့် ပန်းကလေးများ ။ ။
စလင်းခင်မောင်ရည်
ကျွန်းကလေး သင်
ရေပတ်လည်ဝန်း
ကုန်းမြေစွန်းကို
ကျွန်း ဟုခေါ်တွင်
မျက်စိတဆုံး ၊ မိုးကုပ်ခုံးတိုင်
ရေလုံးကျယ်ပြန့် ၊ ဗွေပင်လယ်တွင်
လေးနယ်ပတ်ဝိုင်း ၊ ဝိသမလှိုင်းတို့
လေးနယ်ပတ်ဝိုင်း ၊ ဆန္နလှိုင်းတို့
လေးနယ်ပတ်ဝိုင်း ၊ ပယောဂလှိုင်းတို့
မုန်တိုင်းလှုံ့နှိုး ၊ မိုးသို့ခုန်ပျံ
လုပ်ကြံတိုက်စား ၊ မရပ်နားလည်း
ခြားနားခိုင်ခံ့ ၊ အသင်ကြံ့ခဲ့
အံ့လောက်ပါ၏ ကျွန်းကလေး..... သင် ။ ။
ညွန့်ဝေ (ကသာ)
၁၇ ၁၀ ၀၁
၂၇. ၁၂. ၁၁ ကဗျာတွေကိုနှစ်သက်ရင်သာ ကူးထားမိပေမယ့် ရေးသူတွေကိုတော့ဘယ်တုန်းကမှ မှတ်မှတ်ရရ မရှိတတ်ခဲ့ဘူး။ ဒါပေမယ့် ညွန့်ဝေ (ကသာ) ဆိုတဲ့ နာမည်ကို ဒီနေ့တွေ့မိတော့ ဘယ်မှာမြင်ဖူးပါလိမ့်စဉ်းစားရင်းမှ ဒီကဗျာပိုင်ရှင်မှန်းသတိရလိုက်မိတယ်။ ဒီနှစ် ခရစ်စမတ်နေ့မှာ ဘဝကူးပြောင်းသွားတဲ့ဆရာ ကောင်းရာသုဂတိ လားပါစေ။

အမည်မသိ
ကိုယ်တို့ တက္ကသိုလ် စတက်တဲ့နှစ်မှ ကိုယ်တို့မြို့မှာ တက္ကသိုလ် စဖွင့်တာ။ မဟုတ်ရင် မြို့ကလူတွေ ပဲခူးမှာ သွားတက်ရတယ်။ ကိုယ်က ကျောင်းနဲ့ ဘယ်လောက်တောင် ရေစက်ပါသလဲဆို ကျောင်းဆောင်တွေတောင် ဆောက်လို့မှမပြီးသေးဘူး Human Resource Development အနေနဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ရမယ်ဆိုတော့ အဲ့သင်တန်းကိုအားနေတာနဲ့ တက်ဖြစ်တယ်။ အဲ့ဒီသင်တန်းက ဒစ်ပလိုမာပေးမယ်ဆိုပီး အင်္ဂလိပ်စာဌာနတွေ မဖွင့်မနေရဖွင့်ရတဲ့သင်တန်းပေါ့။
ကျောင်းက သုံးထပ်ဆောင် သုံးဆောင်ဆောက်တယ်။ ဟိုး... မြို့ပြင် လယ်ကွင်း ထန်းတောဘေးမှာ ကျောင်းလုပ်ထားတာပေါ့။ တက္ကသိုလ်ကားတွေကြည့်ထားတာ အလကားမှမဟုတ်တာလေ။ အလယ်ဆောင်မှာ သင်ရတာဆိုတော့ အတန်းအားရင် အောက်ပြေးဆင်းလိုက် RC ထဲ သွားတာလို့အော်လိုက်... အပေါ်ပြန်တက်လိုက် မိန်းထဲရောက်ပီလုပ်လိုက်... အောက်ဆုံးထပ်ထိဆင်းလိုက် လိုက်ဘရီ ရောက်ပီလုပ်လိုက်နဲ့ သင်တန်းသား ၂၀ လောက်က လွဲပြီး တက္ကသိုလ်တခုလုံးဘယ်သူမှမရှိဘူး။ ဘယ်ရှိမလဲ ကျောင်းက ပြီးလဲမပြီးသေး၊ ဘယ်ဌာနကမှလည်း မရောက်သေးဘူးလေ။ အင်္ဂလိပ်စာဌာနကတောင် ဒီသင်တန်းသင်မယ့် ဆရာတွေပဲရောက်သေးတာ။ အဲ့ဒီတုန်းက သုံးထပ်ကို တက်လိုက် ဆင်းလိုက်တာများ ဆူပါမင်း ထိုင်ငိုင်သွားမယ်။ ဝီကိုခေါ်လို့။ အပင်တွေဆိုတာလဲ ခြေဖမိုးလုံတဲ့အပင်တောင်မရှိဘူး။ မိုးတွင်းသာဆို မိုးကြိုးလွဲကြမှာမဟုတ်။
အဲ့လိုကျောင်းမှာ တက်ဖြစ်ရင်းနဲ့ တရက်... ဆရာမလာသေးတော့ အလယ်ဆောင် အပေါ်ဆုံးထပ်ကိုတက်ပြီး ဝရံတာမှာ ထွက်ရပ်နေရင်း တိုင်ကိုမှီမယ်အလုပ်မှာ အရမ်းလှတဲ့လက်ရေးလေးသွားတွေ့တယ်။ ဘယ်မှာရှိမတုန်းလေ။ ဒို့ရွှေပြည်သား လူတော်များလေးတွေပဲဟာ... တိုင်မှာရေးထားတာပေါ့။ မလုပ်သင့်ဘူးပဲလို့ ခေါင်းတခါခါနဲ့ ဖတ်နေလိုက်တာ ကြိုက်သွားပြီး အခန်းထဲပြန် စာအုပ်ယူပြီး ကူးထားလိုက်တယ်။ ဒင်းက နာမည်တော့ မရေးထားဘူးရယ်။ ပင်ကိုယ်ရေးလား ကူးစာ လားတော့ မသိဘူးပေါ့လေ။
*လျှို့ဝှက်အချစ်
လိပ်ပြာငယ်ထံ
မသိုဝှက်တတ်တဲ့ ရနံ့တခုရဲ့ပလွှားမှုကြောင့်
လေညှင်းကတဆင့် ပေါက်ကြားသွားခဲ့ပေါ့
သိပ်လှတဲ့ပန်းတပွင့်ရှိမှန်း...
သူစိမ်းတယောက်ထံ
မမြိုသိပ်တတ်တဲ့ သက်ပြင်းတခုကြောင့်
အသံလှိုင်းကတဆင့် ပေါက်ကြားသွားခဲ့ပေါ့
လျှို့ဝှက်တဲ့သောကတခုရှိမှန်း...
ဘာကိုမှ စိတ်မချရတော့
မျက်ဝန်းတခုကို
ကဗျာကယာမှိတ်လိုက်ရရဲ့
သူ့ထံအမှတ်မထင်ပေါက်ကြားသွားလေမလား
တသက်တာလုံခြုံသိမ်းဆည်းထားသင့်တဲ့အချစ်
သက်ဆိုင်သူနှစ်ဦး မနာကျင်မီ...။
အမည်မသိ
ညောင်ကိုင်းတက္ကသိုလ်
အလယ်ဆောင် အပေါ်ဆုံးထပ်မှ
၁၉ ၀၄ ၀၂
ဆိုပဲ... မှတ်ထားပုံက။ ညောင်ကိုင်းတက္ကသိုလ်ဆိုလို့ တခါ ပါမောက္ခချုပ်ဟောက်တာ ခံလိုက်ရတယ်။ တော်သေးတာ ဖုန်းနဲ့မိုလို့။ ဘာစုံစမ်းမလို့လဲမမှတ်မိတော့ပါဘူး။ ပါချုပ်ရုံးကို ဖုန်းဆက်ပြီး ညောင်ကိုင်းတက္ကသိုလ်ကပါလားရှင် သွားလုပ်တာ ဘာညောင်ကိုင်းလည်း တောင်ငူတက္ကသိုလ် ဆိုပီး အော်ထည့်လိုက်တာ အကျယ်ကြီးပဲ။ တကယ်တော့ မဗျိုင်းတွေပါ။ ညောင်ကိုင်းရွာက လယ်တောတွေထဲမှာလည်း ဆောက်ထားသေးတယ် အဲ့လိုခေါ်တော့ မခေါ်ရဘူးတဲ့။ နို့... သိမှသိပဲလေ။

လက်ရွေးစင် ၂
တလက်ရွေးထဲ လက်ရွေးစင်နေတာ အိမ်မှာ ကော်ဖီမှုန့်ကုန်သွားလို့လဲ ပါ ပါတယ်။ မှတ်စုထဲကူးထားတဲ့ ကဗျာလေးတွေကို မျှချင်တာလဲပါ ပါတယ်။ တချို့ကဗျာတွေက ဘယ်သူရေးမှန်းမသိပဲ အမတွေ သိမ်းထားတာတွေ့ရင်းဖတ်လို့ ကြိုက်ရင် ကူးထားလိုက်တယ်။ တခါ တခါ မဂ္ဂဇင်းထဲမှာ တွေ့ရင် ကူးထားလိုက်ပြန်ရော။ အဲဒီလိုကူးထားတာတွေမှာ စ ကူးခါစက ဘယ်ကယူတယ်ဆိုတာ မှတ်ရကောင်းမှန်းမသိဘဲ စာသားချည့် ယူထားမိတယ်။ နောက် ကိုယ်ပြန်ဖတ်တော့ ဘယ်မှာ ပါတာပါလိမ့်လို့ ပြန်စဉ်းစားမိရင်း ဘယ်သူရေးတယ်၊ ဘယ်ထဲမှာပါတာ ဆိုတာကို မှတ်ဖြစ်တော့တယ်။ ဒါတောင် ရေးသူပဲ မှတ်ဖြစ်ပြီး ဘယ်ထဲမှာပါတာကို မမှတ်ဖြစ်တဲ့ကဗျာက များနေသေးတယ်။
*အချိုးညီ ဖြစ်စဉ်များ
ချိန်တော့ အတည့်သား
မြားမဖြောင့်စင်း
ပစ်ကွင်းလွဲချော်...။
သွက်သွက်တော့လှမ်းသား
လမ်းကောက်လိမ်ကွေး
ခရီးဝေးကွာ...။
ပြုံးတော့ ပြုံးရှာသား
စိတ်ထားကောက်ကျစ်
နှလုံးညစ်တော့
ချစ်သူလျော့လို့
အော့သူကုဋေ...။
တိုးဝေ
---------------
*ထမင်းပွဲ အဘိဓမ္မာ
သမာအာဇီဝနဲ့
စားရတဲ့ ဟင်းတခွက်
ကန်စွန်းရွက်ပေမယ့်
ခံတွင်းမပျက်ပါနဲ့မေ ။ ။
မိစ္ဆာဇီဝနဲ့
စားရမယ့်ကြက်သားဟင်း
မဆလာနံ့သင်းပေမယ့်
မရှင်းတဲ့ခံတွင်း
ထမင်းနင်လှသလေ ။ ။
မောင်ခင်မှိုင်း (ချောက်)
...ကိုယ်တော်တော် တော်တာပါ။ ဒီကဗျာမှာ နောက်ဆုံးစာကြောင်းက "သလေ" နဲ့ ဆုံးထားလို့ မလှလိုက်တာဆိုပီး ကိုယ်ကူးထားတဲ့ စာအုပ်ထဲမှာ "ထမင်းနင်လှတယ်မေ" ဆိုပီး ပြင်ရေးထားလိုက်တယ်။ ဒါပေမယ့် ပြန်ဖတ်တိုင်း "သလေ" ကိုပဲ သွားသွားသတိရနေမိတယ်။...
---------------
၀၆ ၀၈ ၉၉ တဲ့... ကူးထားတဲ့နေ့
*နှစ်ယောက်တွဲစီးရီး
"နား"
ကြားသ၍မှတ်တမ်းပြု
စုဆောင်းထားသမျှ...။
ပါးစပ်ကတော့
အလကားရတိုင်း ချန်မထား
အတင်းကောင်းပါးလေ၏...။
မောင်နှင်းပန် (ရေနံချောင်း)

Subscribe to:
Comments (Atom)